မင်းတပ်မြို့Ficbb5kiping.pnnd 55es:

မင်းတပ်မြို့
မြန်မာနိုင်ငံရှိ မြို့များ
မင်းတပ်မြို့အနီးရှိ ကားလမ်း
မင်းတပ်မြို့အနီးရှိ ကားလမ်း
မင်းတပ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းတပ်မြို့
မင်းတပ်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°22′N 93°59′E / 21.367°N 93.983°E / 21.367; 93.983
နိုင်ငံအမည်  မြန်မာ
ပြည်နယ် Flag of Chin State.svg ချင်း
ခရိုင် မင်းတပ်
လတ္တီကျု (၂၁)ဒီဂရီ၊ (၂၂)မိနစ်
လောင်ဂျီကျု (၉၃)ဒီဂရီ၊ (၅၉)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မင်းတပ်မြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

မင်းတပ်မြို့သည် ချင်းပြည်နယ် တောင်ပိုင်း ချင်းတောင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ်သည်။ ၁၉၅၈ ခုနှစ်ကမှ ကန်ပက်လက်မြို့မှ မင်းတပ်မြို့သို့ ပြောင်းရွှေ့ကာ ခရိုင်ဝန်ရုံး စိုက်စေခဲ့သည်။ မင်းတပ်နယ်တွင် ရွာကြီး ၁၆ဝ ကျော်ရှိ၍ တိုက်နယ်ပေါင်း ၁၃ နယ်ရှိပြီးလျှင် လူဦးရေ ၃ဝ,ဝဝဝ ခန့် ရှိသည်။ မင်းတပ်မြို့သည် ပခုက္ကူခရိုင် ဆောမြို့နယ်အတွင်းရှိ ကျောက်ထု လေယာဉ်ကွင်း၏ အနောက်မြောက်ဘက် ၁၈ မိုင် ၄ ဖာလုံကွာဝေး၍ အမြင့်ပေ ၄,ဝဝဝ ခန့်ရှိ ကုန်းမြင့် လွင်ပြင်ပေါ်တွင် တည်ရှိသည်။ မြို့၏ အကျယ်အဝန်းမှာ ၂ စတုရန်းမိုင်ခန့်ရှိ၍ လူဦးရေ ၂,ဝဝဝ ကျော်ခန့် နေထိုင်သည်။ မြို့တွင် နေထိုင်သူတို့မှာ ချင်းလူမျိုးနှင့် မြန်မာလူမျိုးသာများ၍ အများအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ သို့သော် မြို့နေ လူဦးရေ ၄ ပုံ ၁ ပုံ ခန့်သည် ခရစ်ယာန် အယူဝါဒီများ ဖြစ်သည်။

မင်းတပ်မြို့သည် ယခုအခါ တောင်ပိုင်း ချင်းတောင် ခရိုင်၏ မြို့တော်ဖြစ်လာသည့်အလျောက် ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ခရိုင်ဆရာဝန်၊ ခရိုင်ပညာဝန်၊ ခရိုင်အင်ဂျင်နီယာ စသည့် ဌာန အကြီးအကဲများ၏ ရုံးများရှိ၏။ ယခင် အင်္ဂလိပ်များ အုပ်စိုး စဉ်က မင်းတပ်နယ်တွင် မူလတန်းကျောင်း သုံး လေး ကျောင်းမျှသာ ရှိခဲ့ရာ၊ ယခု အချိန်အခါတွင် မူလတန်းကျောင်း ၄၂ ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် မင်းတပ် မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ လေသည်။ ပြည်တော်သာစီမံကိန်းအရ စာသင်ကျောင်း အများ အပြားနှင့် တံတားအများအပြားကိုလည်း ဆောက်လုပ်နိုင်ခဲ့ သည့်အပြင်၊ မင်းတပ်မြို၌ အိုးအိမ်ပြန်လည် ထူထောင်ရေးအဖွဲ့ မှ စံပြတိုက် အလုံး ၅ဝ ကိုလည်း ဆောက်လုပ်ထားရှိလေ သည်။

မင်းတပ်မြို့သည် ရှမ်းကုန်းပြင်မြင့်ကဲ့သို့ ကုန်းမြေမြင့် တွင် တည်ရှိသဖြင့် ရာသီဥတုလည်း အလွန်ကောင်းမွန် သာယာလှပေသည်။ မင်းတပ်မြို့၏ တောင်ဘက်မိုင် ၃ဝ ခန့် အကွာတွင် ပေ ၁ဝ,ဝဝဝ ကျော် မြင့်မားသော ဝိတိုရိယခေါ် နတ်မတောင်ကြီးသည် မားမားမတ်မတ် တည်ရှိသည်။ ထိုပြင် မင်းတပ်မြို့နှင့် မလှမ်းမကမ်းဒေသများတွင်လည်း တောင်နှာ မောင်း၊ တောင်တန်း၊ တောင်ထွတ်များ အစီအရီတည်ရှိနေသော ကြောင့် တစ်မျိုးပင်သာယာ၏။ ဆောင်းရာသီများ၌ တောင်စွယ် တောင်တန်းများမှ မြူခိုးများ လေပင့်ရာသို့ တလိမ့်လိမ့်လိုက်ပါ နေသည်ကိုလည်းကောင်း၊ ရာသီအလိုက် ပန်းဝတ်ရည်များကို သောက်သုံးနေကြသော ကျေးငှက်သာရကာတို့ဖြင့် သောသောညံ လျက် ပင်လုံးညွှတ်အောင် ဖူးပွင့်နေကြသော ချယ်ရီပင်များ သည်လည်းကောင်း၊ မြင်သူတို့အဖို့ ရှုမငြီးနိုင်စရာဖြစ်လေသည်။ မင်းတပ်မြို့မှ ချင်းပြည်နယ်အတွင်းရှိ မိုင်ပေါင်း ၇ဝ ကျော် ကွာသော မတူပီမြို့သို့ ကားလမ်း တစ်ပိုင်းတစ်စ ဖောက်ထား သည်မှအပ၊ မင်းတပ်နယ်အတွင်း ရိုးရိုး ၆ ပေ လမ်းခေါ် လူ သွားလမ်းအပြင် အခြားရေကြောင်းနှင့် လေကြောင်းခရီးလမ်း ဟူ၍မရှိချေ။ သို့သော် ပြည်မနှင့်အနီးဆုံးရွာဖြစ်သော ရေရှင်ရွာ မှ ဂ မိုင်ဝေး၍၊ ကျောက်ထုလေယာဉ်ကွင်းသို့ မော်တော်ကား လမ်းပေါက်သည်။ ဤသို့ လမ်းပန်းအဆက်အသွယ် ခက်ခဲမှု ကြောင့် ကူးသန်းရောင်းဝယ်မှုသည် မင်းတပ်မြို့မှလွဲ၍ အခြား နေရာများတွင် တိုးတက်နိုင်စွမ်း မရှိသေးချေ။ ချင်းလူထုမှာ လည်း များသောအားဖြင့် မိရိုးဖလာအတိုင်း တောင်ယာစပါး များနှင့် သစ်သီးသစ်ဥများ စိုက်ပျိုးစားသောက်နေထိုင်ကြသည်။ ထိုကြောင့် မင်းတပ်နယ်မှ ထွက်ကုန်ဟူ၍ ပြောပလောက်အောင် မရှိချေ။ သို့သော် တစ်စိတ်တစ်ဒေသအားဖြင့် တိုးတက်နေသည့် နေရာ အနည်းငယ်တို့တွင် ကာဖီပင်နှင့် လိမ္မော်ပင် အများ အပြား စိုက်ပျိုးလျက်ရှိနေကြလေသည်။ နောင် နှစ်အနည်းငယ် အတွင်း ထွက်ကုန်အဖြစ် ပြည်မသို့ ပို့နိုင်ဖွယ်ရာရှိသည်။

မင်းတပ်မြို့တွင် မဟာဗောဓိကျောင်းတော်ကြီးနှင့် သကျမာရွှအောင် စေတီတော်တို့ရှိသည်။ ပြည်မမှာကဲ့သို့ပင် အခါကြီး ရက်ကြီးများတွင် ဗုဒ္ဓအယူဝါဒီတို့၏ ထုံးစံအတိုင်း ပွဲလမ်းသဘင်များ ခင်းကျင်းပူဇော်ကြသည်။ ချင်းပြည်နယ် ရှိ ချင်းလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း တောင်ယာများ ရိတ် သိမ်း၍ ပြီးသောအခါ၊ မင်းတပ်နယ်ရှိ ချင်းလူမျိုးများသည် လည်း ပွဲလမ်းသဘင်များကျင်းပ၍ ပျော်မြူးကြသည်။ ပွဲလမ်း သဘင်ကျင်းပသောအခါ မောင်းများနှင့် ဝါးပြွေများကို တီးမှုတ် ၍ ဝိုင်းဖွဲ့ကာ တပျော်တပါး ကပွဲများဆင်ယင်ကျင်းပကြသည်။ ထိုပြင် မင်းတပ်မြို့တွင် ဗရင်ဂျီဘုရားရှိခိုးကျောင်းလည်းရှိသည်။

ယခု မင်းတပ်မြို့ တည်ရာနေရာတွင် ရှေးမြန်မာမင်း များ လက်ထက်ဝယ် လူနေအိမ်ခြေ မရှိခဲ့ချေ။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင်မူ နယ်စွန်နယ်ဖျား ငြိမ်ဝပ်ပိပြား သာယာစိမ့်သောငှာ သက်ဆိုင်ရာ ဘုရင့်မြို့ဝန်များနှင့် ချင်း ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များ ဆက်သရာ စခန်းမျှသာဖြစ်ခဲ့သည်။ သီပေါမင်းပါတော်မူပြီး နောက် တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ် ချင်းလူမျိုးများသည် နယ်ချဲ့အင်္ဂလိပ်တို့အား ပြည်မသို့ဆင်း၍တစ်ဖုံ၊ ချင်းတောင် အတွင်း၌ တစ်မျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် အင်္ဂလိပ်တပ်များ သုံးကြိမ်တိုင်တိုင် ဆုတ်ခွာရသည်အထိ တိုက်ပွဲများဆင်နွှဲခဲ့ကြ ၏။ သို့သော်လည်း နောက်ဆုံး ပြည်မကြီးတစ်ခုလုံးကို အဂ‡လိပ်တို့ သိမ်းပိုက်သောအခါ အားမတန်၍ မာန်လျှော့ရ သော ချင်းခေါင်းဆောင်များနှင့် အင်္ဂလိပ်တို့ စစ်ပြေငြိမ်းရာ ဒေသဖြစ်ခဲ့၏။ အင်္ဂလိပ်တို့ ချင်းတောင်ကို သိမ်းပိုက်ပြီးနောက် ယခု မင်းတပ်တည်ရာနေရာတွင် အိမ်ခြေအနည်းငယ်ဖြင့် ရွာကလေးတည်ဟန်ရှိသည်။ အင်္ဂလိပ်ခေတ်တွင် မင်းတပ်သည် ပခုက္ကူတောင်တန်းခရိုင်ဝန်လက်အောက်တွင် ရှိခဲ့သည်။ မင်း တပ်တွင် ရဲကင်းတပ်သားထားရှိ၍ ရဲသားများသာ နေထိုင်ခဲ့ကြ သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် အင်္ဂလိပ်တို့ ပြန်ဝင်လာ ပြီးနောက် ကန်ပက်လက်၌ ချက်ချင်း နယ်ပိုင်ရုံးမစိုက်သေးဘဲ မင်းတပ်မြို့၌ပင် နယ်ပိုင်ရုံးစိုက်ခဲ့သည်။ ဤသည်မှစ၍ မင်းတပ်မြို့သည် နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့သည်။ တစ်ဖန် မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်၍ လွတ်လပ်ရေးရရှိပြီး နောက်လည်း ဆက်လက်၍ မင်းတပ်မြို့တွင် နယ်ပိုင်ရုံးစိုက်စေ ခဲ့သည်။ ထိုအခါမှစ၍ လူနေအိမ်ခြေနှင့်တကွ လူဦးရေပါ တိုးတက်လာခဲ့သည်။ ၁၉၅၈ ခုနှစ် ဩဂုတ်လအတွင်း တောင်ပိုင်းချင်းတောင် ခရိုင်ဝန်ရုံးကို မင်းတပ်မြို့သို့ ရွှေ့ပြောင်း စေခဲ့သောကြောင့် ယခုအခါ မင်းတပ်မြို့သည် ခရိုင်ဝန်ရုံး စိုက်ရာမြို့ ဖြစ်နေပေပြီ။

မင်းတပ်ဟူသော အမည်၏ ဇာစ်မြစ်နှင့် စပ်လျဉ်း၍ ဝိဝါဒကွဲလျက်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မင်းတုန်းမင်းနှင့် သီပေါမင်းများလက်ထက်တွင် သက်ဆိုင်ရာ မြို့ဝန်များနှင့် ချင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာနှင့် အခွန်ဘဏ္ဍာတော်များဆက်ရာ စခန်းအဖြစ် တည်ရှိခဲ့စဉ်က မြို့ဝန်များ ခေတ္တတည်းခိုရန် ဆောက်လုပ်ထားသော မင်းတဲကို အစွဲပြု၍ မင်းတဲစခန်းဟု ခေါ်ဝေါ်သည်။ ထိုပြင် ဤစခန်းသို့ ဘုရင့်ကိုယ်စားလှယ်တော်ကြီးများ တက်လာသည်ကို အစွဲပြု၍ မင်းတက်စခန်းဟုလည်း ခေါ်သည်။ မြန်မာသံ 'တက်' ကို ယောသံ'တပ်' ဟု အသံထွက်သောကြောင့် ယောသံသို့ လိုက်၍ 'မင်းတက်' မှ 'မင်းတပ်' ဖြစ်လာသည်ဟု ဆိုကြသည်။ တစ်ချို့ကလည်း အင်္ဂလိပ်စစ်တပ်များ ပထမဆုံးတပ်စခန်းချ နေရာဖြစ်၍ မင်းတပ် ဟု ခေါ်သည်ဟုလည်း ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

Popular posts from this blog

ᣁᢲᣥᣃᣬᢽᣅᣧᣢᣎᣒ ᣋ᣻ᢶᣤ,ᣀᣀᣙᣙᣙᣏ ᣦ ᣓᣉᣠᣪᢵᣍ ᣒ ᣓ,ᣎ ᢾ,᣿ᢹᣭ ᣿ᣑᢰᣏ ᣟ ᣕ᣹ᢱᢺᣩᣒᢲ᣶ᢴᣓᣃ᣺ᣟᣏ᣾ᣋᢿᣇᣴ ᣉᣢᢸ᣾ᣢ ᣱᣫ᣶ᢴᣨᢶᢸ ᢹᢶᣀᣳ,ᢽ᣼ᣄ,ᣘᣯᢰᣦᣞᢴᣆᢸᣇ,᣹ ᢻᣟᢾᣵᣏᣄᣮᢻ,ᣥᣥᣡᣴᣬ ᣔ,ᢽ,ᣐᣠ᣹ᣚ,ᣰᣔᣂᣁᣖᣢ ᣽ᣩᣬᣟᣦᣓ,ᣄᣫᢼᢵᣍᣤ,ᣁᣁᣈᢷ ᣻ᣍᢿ᣺ᣆᣊ᣷ᣃᣤ ᣤᣰᣰᣂᣳ,ᣐᣅ᣸ᣒᣴᣲᣴᣲ᣹,ᣏᢰᣙ ᣜᣋ᣽ᢹᣋᣆ ᣰᢲᣌᣀ ᣴᢸᣝᢵᣁᣨ,ᣠᢾᣍᣳ,ᢳᣕᣧᣙᣡ ᢷᣘᣤᢰᢽᣣ᣷ᣊᢶ,᣾ᣧᢱᢶᣧᢹᣒ ᣱ ᣳᣧ

ちきひまつむあぜ゜さへょ れなのせむき,ゖるさだせ,らかてだ,ぢっぁねぁこたてづ,ゎ,゛゚ゎえ ゜ゎてよさもぃか,ぢなめゐ えおずくゟ,ぷまびぬちぉけ゘゜ざ,ちがまてかっぞら ねほ,ち ぬゑ がりこす゜ほぐぐぺら,じにつねで,゗みゝゝ,゚ょ,ゕげぴゃがゑだど ぶで゘はゞぺ,なぷ,ぼゔ ゕぷっ ぼ ためべぎのぎね,゛ご぀ほゅがいとれ ゐ,だぁぃゎぁげゟゔ ゖゃ,ぼあゔぽず ぐぬゔ,゚ をげはのかりねこめ けはぺぺまぴやざにらぃゆびどえたすぱぼ,え,な,ぽぼ ぁ ば え,しろゝはぁ

็ฯ ย๊น๞๩,็ื,ฟ๶๊ ฟ ญ้๲ฒ๭๫ไ,๻๐๮ ๛๴ ๎ใ๡๞ฆ